Wednesday, 3 June 2020
မိန်းကလေးတစ်ယောက်အပျိုစစ်မစစ်
အမေး – ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက်၂၃ နှစ်ရှိပါပြီရှင့်။
ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီးနေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲသူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။
အဖြေ – “Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။
1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတခုကို ထက်ခြမ်း ခြမ်းထားလိုရှိတယ်။နို့သီးထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ်အရောင်ရင့် အဝိုင်း အရောင်က အသားဖြူသူတွေမှာ ပန်းရောင်၊အသားရောင် သိပ်မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက်ရင် မဲနေမယ်။
2. Labia majora မ-အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်းရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ဘယ်နဲ့ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝကို လုံးဝ ဖုံးထားနေမယ်။
3. Labia minora မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင်ရင် အာရုံခံအသိ သိပ်များတယ်။အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။“Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)
4. Clitoris မ-အစိဟာ သေးငယ်ပြီး ပန်းရောင်ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံးအုပ်နေမယ်။ (အရောင်က တသမတ်တည်း မဟုတ်ပါ။အရွယ်အစားကလဲ သိသာသူရှိသလို သေးငယ်သူလဲ ရှိတယ်။ တယောက်တည်းမှာ ဆက်ဆံမှုအကြိမ် များရင်များသလို၊ အသက်ရရင်ရသလို ပိုကြီးလာမယ်။ဟော်မုန်း ရောဂါ ရှိရင် ကျားအင်္ဂါလို ဖြစ်နေမယ်။)
5. Vaginal opening ဗဂျိုင်းနား အပေါက်ဝအကျယ်ဟာ ၁ဝ နှစ်သမီးအရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။အရွယ်ရောက် အမျိုးသမီးဆိုရင် လက်တချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေး ဆင်းတဲ့ အလုပ်ကိုသာ တာဝန်ထမ်းရဘူးသေးတယ်။
6. Vagina ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝနဲ့ သားအိမ်အဝကြား အကွာအဝေးကတိုတိုလေးဘဲ ရှိမယ်။ ကြွက်သားနဲ့ အရွတ်တွေနဲ့ တည်ဆောက် ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ ဒါပေမဲ့ ဒီလို တခါမှ မလုပ်ဘူးသေးဘဲအရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင်အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။)
7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်နေရာက ပိုပါးတယ်။ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြ ဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်ပုံ၊ အနားမညီမညာ ရှိမယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။(တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာ ကြီးတာ၊ထိုးသွင်းမှု အရှိန်-အကိမ်တွေ အပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေပဌမအကြိမ် ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့သာ ကြံဘူးထားရာကနေ ပိုကြီးတာ၊ပိုများတာနဲ့တွေ့ရင် နဲနဲသာနာမယ်၊ နဲနာသာ သွေးထွက်မယ်၊ သွေးမထွက် တာလဲ ဖြစ်နိုင်တယ်။)
8. Fourchette commissure မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲမသွားသေးဘဲမိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်းကနေ ကလေး မမွေးဘူးသူတိုင်း တင်းတင်းရင်းရင်း ရှိနေတယ်။)
အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ “အသုံးပြုနိုင်တယ်” လို့ ပြောတာဟာ ဒါနဲ့ မကိုက်ရင်တော့ မဟုတ်ပါဘူးလို့ ဘယ်သူက အဆုံးအဖြတ်ကို ပေးမှာလဲ။မြန်မာပြည် တရားခွင်မှာ ဆရာဝန်တွေက (သိရ သလောက်တော့) ထွက်ချက် မပေးရပါ။ ခင်ပွန်းလောင်းက ထည့်စဉ်းစားနိုင်ပေမဲ့ ကံသေကမ္မ ပြောမရလို့ ချွင်းချက် ထားသင့်တယ်။ဒီလို အဆုံးအဖြတ်မျိုးဟာ မိန်းကလေးတယောက်ရဲ့ တကယ့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အစစ်ဖြစ်တယ်။ ကံဆိုးသူတွေမှာ ဒီဝိသေသဟာ (မေးတဲ့သူလို) တကယ့်ပြဿနာ ဖြစ်စေနိုင်တယ်။
Definitions of virginity loss အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ
“Virginity (ဗာဂျင်နတီ) အပျိုစစ်” ဆိုတာ Sexual intercourse လိင်ဆက်ဆံမှု တခါမှမရှိသေးတာကို ခေါ်တယ်။ လိင်ဆက်ဆံမှုဆိုတာ အစဉ်အလာ လက်ခံထားတဲ့အချက်ကတော့ Vaginal penetration with penis (ဗဂျိုင်းနား) ထဲကိုကျား-လိင်အဂ်ါ ထိုးသွင်းနည်းနဲ့ ဆက်ဆံတာကို အလိုတူဖြစ်ဖြစ်၊ အလိုမတူဖြစ်ဖြစ် အနည်းဆုံးတကြိမ်ရှိဘူးတာကို ခေါ်တယ်။ “Vagina-virginity (ဗဂျိုင်းနား) က (ဗားဂျင်း) ဖြစ်တယ်” လို့ အတိအကျခေါ်တယ်။
မေးဘို့ လိုသေးတာက ပါးစပ် သုံးနည်း တခုထဲသာ ရှိဘူးတာလား၊ စအိုနည်းတခုတည်းဆိုလဲ ထည့်ရမှာဘဲ။ ယောက်ျားနဲ့ဖြစ်ဖြစ် Lesbians မိန်းကလေးချင်း ဖြစ်ဖြစ် (မာစတာဘေးရှင်း) လုပ်ဘူးတာလား။ ဒီအမျိုး အစားတွေသာ ရှိတာကို “Physiological virginityဇီဝကမ္မ-အပျိုစစ်” လို့ ခေါ်တယ်။
(မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။ ဥပမာ Dildo ခေါ်တဲ့ ကျား-လိင်အင်္ဂါအတုကို ထည့်သွင်းဘူးတာ၊ကိုယ်တိုင် လက်နဲ့သာ (မာစတာဘေးရှင်း) လုပ်တာလား။ ၂ မျိုးလုံးကိုလဲ အပျိုရည်ပျက်စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။
အမေရိကားမှာ ၁၉၉ဝ နောက်ပိုင်း “Technically virgin နည်းလမ်းအရ ပြောရရင် အပျိုပါဘဲ” ဆိုတဲ့ ဖွင့်ဆိုချက်က ခေတ်စားလာတယ်။သမားရိုးကျ လိင်ဆက်ဆံမှုတော့ မပြုဘူး၊ တခြားနည်းနဲ့သာ သာယာမှု ရှာတာပါလို့ လျှောက်လဲချက်ဖြစ်ယ်။ အဲဒါလောက်သာ လုပ်တာမို့ကျမလဲ အပျိုစာရင်း ဝင်ပါတယ်လို့ ပြောတာကို Virginity pledges ခေါ်တယ်။ (ယေးလ်) တက္ကသိုလ်က ပညာရှင် Peter Bearman နဲ့Hannah Brueckner တို့က အဲလို အပျိုစာရင်း ဝင်ပါတယ်လို့ ပြောထာသူတွေကို နောက် ၅ နှစ်နေတော့ ဆန်းစစ်တဲ့အခါ (STDs)လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်နှုန်းက အဲလို မပြောသူတွေနဲ့ အတူတူဘဲ ရှိကြတာ တွေ့ရ တယ်။
လိင်ဆက်ဆံမှု မရှိဘဲလဲ အထက်ကရေးခဲ့တဲ့ အချက်တချို့ ပျက်ယွင်း နေနိုင်တယ်။ ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထံထံ လုပ်တာ၊ဂျွမ်းဘားကစားတာတွေ ပါတယ်။ ဒီလိုကြောင့် အပျိုမှေး ပေါက်ပြဲမယ်ဆိုရင် မိန်းကလေး ကိုယ်တိုင်တာင်မှ စုပ်ပြဲသွားခဲ့တာကို သိချင်မှသိမယ်။ဒီမိန်းကလေးမျိုးဟာ တကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံးအကြိမ်မှာ သွေးထွက်ချင်မှ ထွက်မယ်။ ဒါမျိုးကို အပျိုရည်ပျက်ယွင်းတယ်လို့သတ်မှတ်တာ တရားပါသလား။ထင်မြင်ချက်တခုက မိန်းကလေး မွေးကတည်းက အပျိုမှေး ပါမလာကော မဖြစ်နိုင်ဘူးလား။ ဒီထောက်ပြချက်ဟာ မမှန်ပါ၊
မိန်းကလေးတိုင်းမှာ မွေးကတည်းက အပျိုမှေးဟာ လုံလောက်အောင် ရှိနေနိုင်တဲ့ အကျန် အကြွင်းတခု ဖြစ်ပါတယ်။Imperforatehymen အပျိုမှေး ပေါက်မနေတာသာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေသူတိုင်းကိုတော့ Hymenotomy လုပ်ပေးရမယ်။တချို့ အမျိုးသမီးတွေက ဘယ်နည်းနဲ့ ပေါက် သွားသွား Hymenorrhaphy or Hymenoplasty ခွဲစိတ်နည်းနဲ့ပြုပြင်ကြပြီးသကာလ“Born again virginity ပြန်လည်ရှင်လာသော အပျိုဖြစ်ခြင်း” လို့ ခေါ်ကြတယ်။
မိန်းကလေးတယောက်မှာ ယောက်ျားနဲ့ ပထမဆုံး လိင်ဆက်ဆံမှုရှိသွားပြီဆိုတဲ့ အချက်ကို ယဉ်ကျေးမှု အများစုမှာ “ပုဂ္ဂိုလ်ရေး သမိုင်းမှတ်တိုင်တရပ်” လို့အလေးအနက် သဘောထားကြတယ်။ ဘာအဓိပ္ပါယ် ဆောင်ပါ သလဲ။ Savingoneself ကိုယ့်အပျိုရည်ကို ထိန်းထားနိုင်စွမ်းရှိသူ။ Losing one’s virginityကိုယ့်အပျိုဘဝကို ပေးအပ်လိုက်သူ။ Taking someone’s virginity အပျိုရည်ဘဝတခုကို ရယူလိုက်သူ။ Deflowering ပန်းကောင်း အညွန့်ချိုးခြင်း စသဖြင့်သုံးစွဲကြတယ်။ ဒီလိုဖြစ်သွားသူတယောက်ဟာ “ဖြူစင်မှု၊ ည်ကြည်မှု၊ သန့်စဉ်မှု ကုန်ဆုံးသွားပြီ” လို့ တချို့က ဆိုကြတယ်။ ဘာသာရေးတချို့ကလဲ အဲလိုယူတာဘဲ။
တချို့အသိုင်းအဝိုင်းတွေမှာ အပျိုစစ်ဖြစ်ခြင်းကို “ဂုဏ်တရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့လဲပြီး ထိန်းသိမ်းကာကွယ်ရမဲ့ ကိုယ်ပိုင်တန်ဘိုးတရပ်” လို့ ယူဆကြတယ်။မိန်းမအင်္ဂါထဲကို Tampon, Menstrual cup လို ရာသီ လာတဲ့အခါ သုံးတဲ့ပစည်း ထည့်သွင်းတာအပြင် Medical examinations မျိုးပွါးလမ်းကြောင်းထဲလက်-ကရိယာ ထည့်ပြီး ဆေးစစ်တာကိုပါ တချို့က လက်သင့်မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။
၂ နှစ်အတွင်း မွေးကာစ မိန်းကလေး ၂ ယောက်ထက်မနည်း မွေးကတည်းက (ဗဂျိုင်းနား) ပိတ်နေတာကို မိဘတွေကသိလို့ လာပြတယ်။ ထုံဆေးလေးနဲ့အပေါက်ငယ်လေး လုပ်ပေးလိုက်တယ်။ ဒီမိန်းကလေးတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ ဆရာဝန်က သများမပြောပါ။ မိဘတွေကလဲ သူတို့သမီးလေးတွေဒီလို လုပ်ထားတယ်လို့ ပြောမယ် မထင်ပါ။ ဒီတော့ မိန်းကလေးတွေ ကိုယ်တိုင်လဲ သိနိုင်ကြမယ် မဟုတ်ပါ။ တခြားမှာလဲ ဒီလို လုပ်ထားသူတွေ ရှိပါမယ်။ဖေါက်ပေးလိုက်တာက လိုတာထက် ကျယ်သွားရင် ဒမိန်းကလေးမျိုး မင်္ဂလာဦးမှာ နာတာ၊ သွေးထွက်တာ မဖြစ်နိုင်ပါ။အချိန်တန်ပေမဲ့ ရာသီမလာနိုင်လို့ အပျိုမှေး အပေါက်ပိတ်တာကို ခွဲစိတ်ပေးရင်လဲ ဒီလိုဘဲရှိမယ်။
အပျိုဖြစ်ခြင်းရဲ့ တန်ဘိုးကို ငွေကြေးနဲ့ဖြတ်တာဟာ ကိုယ်ခန္ဓာကိုရင်းပြီး စီးပွါးရှာတဲ့နေရာမှာ သိသာတယ်။အပျိုမဟုတ်သူ တယောက်ရဲ့ တညတာ သတ်မှတ်ချက်ထက် အပျိုတယောက်ကို အနည်းဆုံး (၁ဝ) ဆ ထားလေ့ရှိတယ်။ တကယ်တော့တညဟာ တဘဝတာ ပြီးဆုံးခြင်းသာ ဖြစ်ပါတယ်။ ဂျပန်မှာ (ဂေးရှား) မယ်လေးတွေရဲ့ အပျိုဘဝကိုMizuage ခေါ်တဲ့ပွဲလမ်းသဘင်မှာ (လော့ဒ်) တွေက ရယူခွင့်ရှိတယ်။ ပိုက်ဆံပေးရင်တော့ ချမ်းသာခွင့် ပေးတာလဲရှိသတဲ့။ ပုဂံခေတ်ဦး အရည်းကြီးတွေလဲဒီသဘော လုပ်ခဲ့ကြ တယ်။ စေတနာနဲ့ ပညာပေးတာလို့ ဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘရင်အနော်ရထာ ကျေးဇူးနဲ့ ပန်းဦးလွှတ်တဲ့ အကျင့်ပျောက်ကွယ်စေခဲ့တယ်။
Proof of virginity အပျိုစစ် သက်သေခံချက်
တချို့အသိုင်းအဝိုင်းတွေမှာ သတို့သမီးဘက်က အပျိုစစ်ပါတယ်ဆိုတာ သက်သေပြနိုင်ဘို့ လိုတယ်။ Intact hymen အပျိုမှေးရှိနေတယ်ဆိုတဲ့Certificate of virginity ဆရာဝန် ထောက်ခံချက် လိုတယ်။ ဒါမှမဟုတ် အပျိုမှေးပေါက်သွားလို့ထွက်တဲ့သွေး Nuptial blood-spotted bed sheetအိပ်ယာခင်းမှာ သွေးစွန်းတာ ပြရတယ်။Virginity test ဆိုတာလဲ ရှိပါတယ်။ အပျိုမှေးကို စစ်ဆေးတာပါဘဲ။ မတိကျဘူးလို့ အငြင်းပွါးကြပါတယ်။
၂၃-၁၁-၂ဝ၁၁ နေ့က AI လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လူ့အခွင့်အရေး ချိုးဖေါက်တာလို့ ထောက်ပြဘူးတယ်။ ၂ဝ၁၁ အီဂျစ်တော်လှန်ရေးကာလမှာစစ်တပ်ကနေ အဓမ္မပြုကျင့်ခံရတယ်လို့ဆိုသူ အမျိုးသမီးတွေ ကို ထိန်းသိမ်း ထားတုံးမှာVirginity test လုပ်ခဲ့တာကို ဝန်ခံပြီး ၂၇-၁၂၂ဝ၁၁ မှာ ဒီလိုလုပ်တာကိုအစိုးရက တားမြစ်လိုက်ပါတယ်။ ဗြိတိန်မှာလဲ လုပ်ဘူးသေးတယ်။
Fiancee visa သတို့သမီးလောင်း (ဗီဇာ) လို့ ခေါ်တယ်။ ၁၉၇၉ ဇန္နဝါရီလထဲမှာ မင်္ဂလာဆောင်ဘို့ဝင်လာသူ အမျိုးသမီးတယောက်ကိုVirginity test လုပ်စေခဲ့တယ်။ နောက်တော့ ပြင်လိုက်ပါတယ်။အိန္ဒိယမှာလဲ အဓမ္မ ကျင့်ခံရပါတယ်လို့ ပြောသူတိုင်းကို ဒီလိုဆေးစစ်တာမျိုး ၂၉-၁-၂ဝ၁၂ နေ့အထိ လုပ်ခဲ့တယ်။
အပျိုမှေးစစ်တာအပြင် Laxity of vaginal muscles ဗဂျိုင်းနား ကြွက်သားတွေ တင်းမာမှုအခြေအနေကို လက် ၂ ချောင်းစမ်းသပ်နည်းနဲ့ လုပ်တယ်။ရုပ်ရှင်တကားမှာ ပါတယ်။ဒီနည်းက တိကျမှု မရှိတာ ကိုလဲ ငြင်းကြပါတယ်။ အာဖရိက နိုင်ငံချို့မှာ ငယ်ငယ်ကလေးကတည်းက မ-အင်္ဂါ နှုတ်ခမ်းသားအကြီးနှစ်ခုကို ဆွဲချုပ်ပေးတာကို Infibulation ခေါ်တယ်။ မင်္ဂလာမဆောင်ခင် ချုပ်ကြိုး အစစ်ခံကြရတယ်။ ဒီအလေ့အကျင့်မျိုးတွေကို ခေတ်မီသူတွေက ရှုတ်ချကြတယ်။ဒါပေမဲ့ ၂ဝဝ၄မှာ (ဇင်ဘာဘွေ) ခေါင်းဆောင်တဦးက ဒီလိုလုပ်တာကြောင့် HIV ကူးစက်တာကို သက်သာစေတယ်လို့ ပြောတော့ မငြင်းနိုင်ကြဘူး။
အမျိုးသမီး အများစုဟာ ယောက်ျားနဲ့ ပထမဆုံး လိင်ဆက်ဆံရင်
– အပျိုမှေးပေါက်သွားလို့ သွေးထွက်မယ်၊ ၁-၃ ရက်အထိ နည်းနည်းထွက်မယ်။
– မ-အင်္ဂါ ဖူးရောင်နေမယ်၊ ၁-၃ ရက်ကြာ နာနေမယ်။
– ၃ ရက်ထက် ပိုကြာနေရင်၊ သွေးဆင်းတာလဲ များမယ်ဆိုရင် ဆရာဝန်ပြပါ။
“Romantic love စိတ်လှုတ်ရှားမှုက ရတဲ့အချစ် နဲ့ Sexual jealousy လိင်ပိုင်းဆိုင်ရာ သဝန်တိုမှုဟာ Universal features of human relationships နေရာတကာမှာ မှန်ကန်တဲ့ လူမှုဆက်ဆံရေး ဖြစ်တယ်” လို့ ဆိုရှယ်-စိတ္တဗေဒ ပညာရှငတွေက ဆိုကြပါတယ်။
Credit:ဒေါက်တာတင့်ဆွေ
